Mark Fisher၏ The Instant Millionaire ကို ဘာသာပြန်ထားခြင်းဖြစ်သည်။ ကြီးပွားချမ်းသာရေး သဘောတရားများကို လျှို့ဝှက်သည်းဖိုဇာတ်လမ်းတစ်ခုပမာ ဆွဲဆောင်အားကောင်းလှသော ဝတ္ထုတစ်ပုဒ်တွင် ထည့်သွင်းထားပုံမှာ သူ့နေရာနှင့်သူ အံခွင်ဝင်ကျရှိသလောက်၊ စာဖတ်သူများအတွက်လည်း ကျမ်းပုံသဏ္ဍာန်စာအုပ်များ ဖတ်ရှုရသည်ထက် ဦးနှောက်ရော နှလုံးသားတွင်ပါ ထိထိခိုက်ခိုက် ရှိစေပါသည်ဟု ဘာသာပြန်သူ ဆရာဖေမြင့်က ဆိုထားသည်။ အောင်မြင်ကြီးပွားရေးနည်းနာများကို ဆွဲဆောင်အားကောင်းလှတဲ့ ဝတ္ထုဇာတ်အိမ်ထဲမှာ ကွက်ကွက်ကွင်းကွင်း ရှင်းခနဲနေအောင်ထည့်သွင်းပေးထားတဲ့ ကျမ်းဝတ္ထုတစ်အုပ်လည်း ဖြစ်သည်။