TikTok Shop Malaysia logo
Search
1/3
RM42.00

Passive Income ငွေရှာနည်းနှင့် ငွေကြေးစီမံခန့်ခွဲမှု ဆောင်းပါးများ (Kaung Hein Soe (Strategic)) Burmese Book

Sold by 4NiX Store
3 sold

Select options

Select

Shipping

From RM4.90
Est. delivery by Jun 5 - Jun 9

Specifications

4NiX Store
69 items
Shop performance
Better than 86% of other shops
Ships within 2 days
78%
Responds within 24 hours
94%

About this product

BrandBooks

Product description

This book is written by Burmese language and especially for Burmese workers who are going to work abroad .
ဝင်ငွေနဲ့ပတ်သက်ရင် အခြေခံအားဖြင့် Earned Income နဲ့ Passive Income ဆိုပြီး အမျိုးအစားနှစ်မျိုးခွဲနိုင်ပါတယ်။ Earned Income ဆိုတာက ကိုယ်တိုင်ပါဝင်လုပ်ကိုင်ပြီးမှ အပြန်အလှန်အားဖြင့် ဝင်ငွေရရှိတဲ့နည်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မိမိရဲ့လုပ်အားဖြစ်စေ၊ အချိန်ဖြစ်စေ၊ ကျွမ်းကျင်မှုဖြစ်စေ တစ်ခုခုကို အနည်းနဲ့အများပေါင်းစပ်ပြီးမှ ဝင်ငွေအဖြစ်ဖန်တီးတဲ့နည်းလမ်းပါ။
Earned Income ဟာ အားသာချက်တွေရှိသည့်တိုင် အားနည်းချက်များစွာလည်းရှိပါတယ်။ အထူးသဖြင့် Earned Income ဆိုတဲ့ဝင်ငွေလမ်းကြောင်းတစ်ခုတည်းပေါ်မှာမှီခိုတဲ့အခါ ငွေကြေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ရမယ့်အခြေအနေရောက်နိုင်ပါတယ်။ ကိုယ်တိုင်အလုပ်လုပ်နေမှရတဲ့ဝင်ငွေဖြစ်တဲ့အတွက် အလုပ်ပြုတ်သွားတဲ့အခါ၊ အလုပ်မလုပ်နိုင်တော့တဲ့အခါ ဝင်ငွေရပ်တန့်သွားပါတော့တယ်။ Earned Income ဟာ တခြားသူကို မှီခိုမှုများသလို အကန့်အသတ်လည်းများစွာရှိပါတယ်။
Passive Income ဆိုတာကတော့ ကိုယ်တိုင်ထဲထဲဝင်ဝင် ပါဝင်အားထုတ်စရာမလိုဘဲ ကိုယ်ကခရီးပဲထွက်နေထွက်နေ၊ အိပ်ရာထဲမှာပဲအိပ်နေအိပ်နေ အချိန်တန်တဲ့အခါ ကိုယ့်အိတ်ကပ်၊ ကိုယ့်ဘဏ်အကောင့်ထဲ ငွေတွေဝင်လာတာကို ဆိုလိုတာပါ။ Financial Freedom လို့ခေါ်ကြတဲ့ ငွေကြေးဆိုင်ရာလွတ်လပ်မှုကို ခံစားရရှိဖို့အတွက် တစ်ခုတည်းသောနည်းလမ်းက Passive Income ရှိနေဖို့ပါပဲ။
Passive Income ရဖို့အတွက် Earned Income တစ်ခု အရင်ဆုံးရှိနေဖို့လိုပါတယ်။ ဒုတိယအဆင့်က အဲဒီ Earned Income ကနေ ရာခိုင်နှုန်းတစ်ခုကို လစဉ်စုဆောင်းပြီး ပမာဏတစ်ခုရအောင်လုပ်ရပါမယ်။ ဒီလိုစုဆောင်းနေစဉ်မှာလည်း မိမိရဲ့ Earned Income ကို ဆပွားတိုးလာအောင် လုပ်ဆောင်ရပါမယ်။ ဒါဆို စုလာတာရယ်၊ ဆပွားတိုးလာတာရယ်ကိုပေါင်းပြီး Passive Income တစ်ခုတည်ဆောက်ရုံပါပဲ။
ဆရာ Kaung Hein Soe (Strategic) ရဲ့ "Passive Income" စာအုပ်ထဲက ကောက်နုတ်ချက်တချို့ဖြစ်ပါတယ်။ ဒီစာအုပ်မှာ Personal Finance, Passive Income, Wealth ဆိုပြီး အပိုင်း ၃ ပိုင်းပါဝင်ပါတယ်။ ငွေဘယ်လိုရှာမလဲ၊ အထူးသဖြင့် Passive Income တစ်ခုဘယ်လိုတည်ဆောက်မလဲ၊ ငွေကို ဘယ်လိုထိထိရောက်ရောက်စီမံခန့်ခွဲမလဲ၊ ဘယ်လိုစုဆောင်းပြီး ဘယ်လိုရင်းနှီးမြှုပ်နှံမလဲ စတာတွေနဲ့ပတ်သက်ပြီး စုံစုံလင်လင်ဖတ်ရှုရမှာဖြစ်ပါတယ်။
Passive Income တည်ဆောက်လိုသူတွေ၊ ဝင်ငွေတိုးလိုသူတွေ၊ ငွေကြေးစီမံခန့်ခွဲမှု၊ ငွေစုနည်းနဲ့ ရင်းနှီးမြှုပ်နှံမှုအကြောင်း လေ့လာလိုသူတွေ၊ Financial Freedom အိပ်မက်ရှိသူတွေအတွက် အထောက်အကူဖြစ်စေမယ့် စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

People also searched for

Open TikTok