Product description
This book is written by Burmese language and especially for Burmese workers who are going to work abroad .
ငွေရှာနည်း စိတ်ပညာ (Exclusive Edition) + စာအုပ်အနှစ်ချုပ် နံရံကပ် ပိုစတာ
စာအပြင်အဆင်အသစ် တည်းဖြတ်ပြင်ဆင်ပြီး
The Psychology of Money ကို ဗားရှင်း နှစ်မျိုးဖြင့် နိုင်ငံတကာသို့ ထုတ်ဝေထားပါတယ်။ အမေရိကားအတွက် သီးသန့်ထုတ်ထားတဲ့ Exclusive Edition ကို ပြန်ဆိုထားခြင်းဖြစ်ပါတယ်။ အခန်း အသစ်ပါဝင်လာပြီး မေတ္တာလက်ဆောင်အဖြစ် ငွေရှာနည်းစိတ်ပညာ စာအုပ်၏ အနှစ်ချုပ် နံရံကပ်ပိုစတာ ထည့်ပေးထားပါတယ်။
ငွေရှာတတ်ဖို့ရာ ပညာအရည်အချင်း၊ အဆက်အသွယ်၊ ကျောထောက်နောက်ခံ၊ ငွေကြေးအရင်းအနှီး စတဲ့ သင် သိထားတာတွေဟာ အရေးမပါလှပါဘူး။ အဲဒါတွေ ကောင်းကောင်း မရှိပဲနဲ့လည်း ကြွယ်ဝချမ်းသာ လာနိုင်ပါတယ်။ အကြောင်းကတော့ ငွေနဲ့ ပတ်သက်ပြီး သင် ဘယ်လိုပြုမူကျင့်ကြံသလဲဆိုတာကပဲ အရေးကြီးလို့ပါ။ ငွေနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ သဘောထား အမြင်မထားတတ်ရင်၊ ပြုမူကျင့်ကြံပုံက လွဲချော်ခဲ့ရင် ဘယ်လောက်ပဲ ငွေကြေးချမ်းသာသည်ဖြစ်စေ အချိန်မရွေး ဆင်းရဲ ဒုက္ခရောက်သွားနိုင်ပါတယ်။ ထက်မြက်ပြီးဉာဏ်ကောင်းတဲ့ သူတွေကိုတောင်မှ ငွေနဲ့ ပတ်သက်တဲ့ ပြုမူကျင့်ကြံပုံကို သင်ပေးရခက်ပါတယ်။
ရင်းနှီးမြှုပ်နှံမှုပုံစံ၊ တကိုယ်ရည်ငွေကြေးစီမံခန့်ခွဲပုံစံ နှင့် စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်သည့်ပုံစံများကို တတ်မြောက်ဖို့ရာ သင်္ချာတွက်ချက်မှု အခြေခံပြီး သတင်းအချက်အလက်၊ ဖော်မြူလာများမှ တဆင့် သင်ပေးလို့ရပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ လူတွေဟာ စာရင်းစာရွက်ပေါ်မူတည်ပြီး ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ကြတာတော့ မဟုတ်ပါဘူး။ ကမ္ဘာကြီးနဲ့ အတိတ်သမိုင်း အပေါ် မြင်တဲ့ မိမိရဲ့ ကိုယ်ပိုင် ရှုတောင့်၊ မိမိရဲ့ အတ္တ၊ မာန၊ ယုတ္တိမရှိတဲ့ မက်လုံးများ၊ စတာတွေကို ပေါင်းစပ်ပြီးတော့ ညစာ စားနေရင်းဖြစ်စေ၊ အစည်းအဝေးခန်းထဲမှာပဲဖြစ်စေ ဆုံးဖြတ်ကြတာပါ။ ဒါကြောင့် ချမ်းသာကြွယ်ဝဖို့ဆိုတာ စိတ်နေစိတ်ထားက အဓိက ပြဿနာပါ။ ငွေရှာနေတဲ့ မည်သူမဆို ဒီစာအုပ်ကို ပထမဦးဆုံး ဖတ်သင့်ပါတယ်။
မူရင်းရေးသားသူ Morgan Housel ရဲ့ The Psychology of Money (ငွေရှာနည်း စိတ်ပညာ) စာအုပ်ဟာ ကမ္ဘာမှာ အရောင်းရဆုံးစာရင်းဝင် စာအုပ်တစ်အုပ်ဖြစ်သလို စာအုပ်ထဲမှာ ငွေနဲ့ ပတ်သက်ပြီး လူတွေရဲ့ ထူးခြားသော အပြုအမူများ၊ ပိုမိုကောင်းမွန်တဲ့ အတွေးအမြင်များ ၊ ပြုမူကျင့်ကြံဖို့ အတွက် နည်းလမ်းကောင်းများကို မီးမောင်းထိုးပြထားပါတယ်။