Product description
This book is written by Burmese language and especially for Burmese workers who are going to work abroad
ခက်တော့လည်း ခက်သားလား... လုံးလုံးမပတ်သက်ကြောင်း
အချစ်ဆိုတာမျိုးက ခန္ဓာကို ပူလောင်စေတဲ့ ရာဂမီးတွေနဲ့
ဇာတ်လမ်းမှာ သူဌေးလေးနန်းနွယ်ရဲ့ အချစ်ကို တန်ဖိုးထားပုံ ဖြူစင်ပုံ အငြိမ့်သမလေးယမင်းသူဇာကို အချစ်ရူး ရူးမိရာကနေ ဖြစ်ပေါ်လာတဲ့ ဘဝအပြောင်းအလဲတွေ
အငြိမ့်သမအမည်ခံသော်ငြားလည်း ရှေးဘဝရဲ့ ဆုတောင်းမှားခဲ့မှု့ကြောင့် အတွေ့အာရုံထူးခဲ့တဲ့ အလှပဂေး မသူဇာ ဆုတောင်းတွေပြင်ချင်စိတ်ကြောင့် မိမိချွေးနဲစာ မိမိကိုယ်တိုင်သာရှာ၍ရသော အသပြာဖြင့် တစ်ရာ့ရှစ်တောင် ဘုရားလေးတည်ပြီး ဆုတောင်းတွေ ပြင်ခဲ့ချင်သူ
ဘိုးဘွား မိဘတွေရဲ့ လုပ်ရက်ကြောင့် သခင်တွေ မွဲပြာကျခဲ့ရသောကြောင့် မိမိလက်ထက်မှာ သခင်ကိုကောင်းစားစေချင်သည် သခင်အပေါ်သစ္စာရှိရှိဖြင့် သခင်ခိုင်းသမျှ အလုပ်အကျွေးပြုရင်း မိမိတို့ ကျွန်မျိုးနွယ်ရဲ့ သိက္ခာကို အဖတ်ပြန်ဆည်ချင်သူလေး မသူဇာ
အလုပ်ရယ်မတင့်တယ်သောငြား အချစ်ကို ယုံကြည်သည် မိမိအပေါ် သိပ်မြတ်နိုးလို့ ချစ်ပါသည်ဆိုတဲ့စကားလေးတောင် တန်ဖိုးကျမည်စိုး၍ ရင်ဝယ်မှာသိမ်းထားခဲ့တဲ့ သူဌေးလေးနန်းနွယ် မသူဇာရဲ့ ညပေါင်းများစွာကို အသပြာများစွာပေးဝယ်ရင်း မသူဇာရဲ့ ညများကို အေးဆေးစွာ အိပ်စက်စေခဲ့တဲ့ သူဌေးလေးနန်းနွယ်ကိုပင်တောင် အချစ်မပါဘဲ ဟန်မဆောင်ချင်ခဲ့
သုဇလ္လဒီပတိုင်းပြည့်ရှင် ရွှေနန်းရှင်မင်းကြီးတရားမှ ပြည်ရဲ့တန်ဆာအဖြစ် မြှောက်စားရာမှ ဝေဠုဝတီစံနန်းဆောင်ကို ဆောက်တည်စေသည် သူဌေးလေးနန်းနွယ်ရဲ့ ဖြူစင်သန့်ရှင်းတဲ့အချစ် ချစ်ရသူဘေးမှာ အတူရှိမနေနိုင်တော့သည်တောင် ဘေးအန္တရာယ်ကင်းဝေးအောင် ဝေဠုဝတီ စံနန်းဆောင်ကို အစီအရင်များ ကိုယ် နှုတ်စိတ်အမူအရာများနှစ်၍ အကြောက်တရား အလှအပ အအေးအပူအရောင်တွေ အချိန်အလိုက် မသူဇာကို ငြိမ်းချမ်းစေမည့်အလင်းတို့နဲ့ နောက်ဆုံးမရတော့သည်အထိ ကာကွယ်ပေးခဲ့တယ်
အချစ် အချစ်ရဲ့တန်ဖိုး နာကျင်မှု ဖြူစင်မှု ချစ်သူကို ကာကွယ်ပေးလိုမှု ထွက်သက်တိုင်အောင် ချစ်သူကို သစ္စာစောင့်သိခဲ့မှု စတဲ့ ချစ်ခြင်းရဲ့ အဓိပ္ပာယ်ပေါင်းများစွာကို ဖော်ကျူးပေးနိုင်တဲ့ စာအုပ်ကောင်းတစ်အုပ်ဆို ပို၍မှန်ပေလိမ့်မည်